Laptop တစ်လုံးဝယ်ရင် ဘာကိုအဓိက ထားဝယ်ကြမလဲ
Laptop or Computer အကြောင်းကို နားလည် ထားရင်တော့ ကိုယ်အသုံးပြုမည့် (Software) အနေအထားအပေါ် မူတည်ပြီး ရွေးဝယ်ကြတယ်၊၊
Computer အကြောင်းကိုသိပ်ပြီး
နားမလည်သေးဘူး ခုမှစသုံးတာ
ဒါမှမဟုတ်ရင် သုံးတက်ခါစပေါ့ ဒါဆိုရင်တော့ မိမိ အသုံးပြုမည့် စက်ကိုမရွေးချယ်နိုင်ပါဘူး၊၊
ဒီလိုအခြေအနေမျိုးမှာ
Computer ကို ဘယ်လိုရွေးပြီး ဝယ်ကြရင်ကောင်းမလဲ
ဆက်ကြည့်နော် ။
Computer တစ်လုံး သင့်/မသင့်လား ကိုဒီတိုင်းကြည့်တာနဲ့ မသိနိုင်ပါဘူး ။
ဒါဆို ဘာကို ကြည့်ပြီး ဘာကိုစစ်ပြီး ဝယ်ရမလဲ
အမေးတွေ ရှိလာနိုင်တယ် ။
Computer နဲ့ပတ်သက်တာလေးပြောပြမယ်
Computer မှာ ဘာတွေပါဝင်သလည်း ဆိုတာ အရင်လေ့လာကြည့်မယ်လေနော် ။
Computer ဝယ်တဲ့အခါမှာ သိထားရမယ့် အကြောင်းအရာလေးတွေပေါ့ ဒါကဘာလဲ ဆိုတော့
(1) CPU
(2) RAM
(3) HDD
(4) Graphics
1. CPU က Computer တစ်လုံးရဲ့ မရှိမဖြစ်တဲ့
အစိတ်အပိုင်းတစ်ခုပေါ့ ။
Computer တစ်လုံးရဲ့ လုပ်ဆောင်ချက်တွေ
အားလုံးကို တွက်ချက်ပေးတဲ့ အရာတစ်ခုပါ။
ဥပမာ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့တူတယ်။
လူတစ်ဦးနှင့်တစ်ဦး ရဲ့ ဥာဏ်ရည် /မှတ်ဥာဏ် တွေ
မတူသလိုပေါ့။
တစ်ဦးက အတွက်အချက်မှာတော်ပြီး
နောက် တစ်ဦးက စာအရေးအဖက်မှာတော်တယ်။
နောက်တစ်ဦးက ဖြတ်ထိုးဥာဏ်ကောင်းတယ်ပေါ့။
အဲဒီလိုပဲ CPU တွေဟာ ထုတ်လုပ်မှု ပုံစံ အရည်အသွေးပေါ်မူတည်ပြီး သူတို့ရဲ့ လုပ်ဆောင်နိုင်မူ
စွမ်းဆောင်ရည်တွေဟာလည်း ခြားနားသွားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့
Celeron
Pentium II Xeon
Athlon
Pentium III
Dual Core
Core i3, i5, i7 ,i9 စသည်ပေါ့ အဲလိုတွေလဲ ရှိတယ် ။
အနိပ်ဆုံးက Celeron ဖြစ်ပြီးတော့
i9 ကိုတော့ လက်ရှိ အမြင့်ဆုံးထားပြီးသုံးနေကြတာ တွေ့ရတယ်။ (စာရေးသူတော့ ခုထိ မဝယ်နိုင်သေးပါဘူး )
** သတိထားစေချင်တာကတော့ CPU ဟာ Computer တစ်လုံးရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်
Core အုပ်စုလောက်ကို သုံးပါ ။
Celeron ကိုတော့ မသုံးကြပါနဲ့နော် သူကနိမ့်နေပါပြီ
ဒါ့ကြောင့် မသုံးစေချင်ပါဘူး ။**
2. RAM က CPU ကိုအထောက်အကူပြုပေးတဲ့
ယာယီမှတ်ဥာဏ်ဆိုရင်လဲ မမှားပါဘူး ။
ဥပမာ လူတစ်ယောက်ရဲ့ မသိစိတ်နဲ့ တူပါတယ်။
လူတစ်ယောက်ဟာ သူ ပုံမှန်လုပ်နေကြ အလုပ်တစ်ခုကို အလွယ်တစ်ကူ ပြုလုပ်နိုင်သလိုပဲ RAM ဟာလည်း သူရဲ့လုပ်ငန်းပုံမှန် လည်ပတ်နိုင်ဖို့ကို ကူညီပေးပါတယ်။
RAM ပမာဏ များလေလေ ပိုပြီးတော့ စွမ်းဆောင်နိုင်ပါတယ်။
FBM
EDO
SDRAM
RDRAM ဒါတွေက အရင်တုန်းကပေါ့ ခုထိ သုံးနေတဲ့ သူရှိရင်လဲ ရှိနေမှာပါ ချွင်းချက်ပေါ့
DDR 1, 2, 3, 4 ဆိုပြီး လူသိများပြီး
FBM က အနိမ့်ဆုံး RAM ဖြစ်ပြီး
DDR 4 ကတော့
အမြင့်ဆုံး RAM ဖြစ်ပါတယ်။
လက်ရှိအသုံးအများဆုံးကတော့ RAM ပမာဏများမှာ 1 GB မှ 16 GB အထိဖြစ်ပါသည်။ (ခု လက်ရှိအချိန်ကတော့ DDR 3, 4 သည် အကောင်းဆုံးဖြစ်ပါတယ်။)
3. HDD က Windows အပါအဝင် data အချက်အလက်တွေကို ထိန်းသိမ်းထားဖို့အတွက် ဖြစ်ပါတယ်။
ဥပမာ ကိုယ်လွယ်ထားတဲ့ အိတ်တစ်လုံးနဲ့တူပါတယ်။
အိတ်ကကြီးရင် သိမ်းဆည်းနိုင်မှုများမယ်ပေါ့ ။
အဲလိာသဘောပဲ
လက်ရှိမှာ Computer တွေမှာ တွေ့ရတာတော့
100 GB မှ 2 TB အထိသုံးနေတာတွေ့ရပါတယ်။
( ကိုယ့်ရဲ့ သိမ်းဆည်းမှုက နည်းရင်
GB နည်းလဲ ပြဿနာတော့ မရှိပါဘူး )
4. Graphics က
ရုပ်ပုံဖေါ်ပြမှု အရည်အသွေး မြှင့်တင်ရာမှာ အဓိက အပိုင်းဆိုပြီး သိထားပါတယ် ၊၊
ခုလက်ရှိအချိန်မှာ 521 MB မှ 8 GB အထိ အများဆုံးအသုံးပြုနေကြတာကို တွေ့ရပါတယ်။
ရုပ်ထွက်ကောင်းကောင်းမထွက်လဲ ပြဿနာမရှိဘူးပေါ့
Software လဲ အသုံးမပြုဘူးဆိုရင် Graphics မပါလဲ
ဘာမှမဖြစ်ပါဘူး ။
DDR2 and DDR3 are types of RAM, Random Access Memory. DDR RAM offers speed of 1600 MB/s, DDR2 RAM offers speed of 3200 MB/s and DDR3 offers speed of 6400 MB/s. Following are the important differences between DDR2 and DDR3.
Comments
Post a Comment