Skip to main content

Posts

Showing posts from January, 2026

MS WORD Tab setting

  Tab setting စာသားများကိုနေရာချခြင်း Left tab စာသား(text)များကိုဘယ်ဖက် အပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Right Tabစာသား(text)များကို ညာဖက် ပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Center Tab စာသား(text)များကိုအလယ်ဗဟို ပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Decimal tab ဒသမ နေရာများကို ပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Change Case စာသားများကို အသွင်အမျိုးမျိုးပြောင်းလဲ ခြင်း sentence Case ဝါကျတကြောင်းချင်း၏အစ စာလုံးအား Capital letter(အကြီးစာလုံး)အသွင် ပြောင်းရန် Lower case ဝါကျတကြောင်းချင်း၏ စာသား(text)များကို Small letter(စာလုံးအသေး)အသွင် ပြောင်းရန် Upper caseဝါကျတကြောင်းချင်း၏ စာသား(text)များကို Capital letter(စာလုံးအကြီး)အသွင် ပြောင်းရန် Capitalize each word စကားစုတခုချင်း၏ အစစာလုံးများကို Capital letter(စာလုံးအကြီး)အသွင် ပြောင်းရန် toGGle case စကားစုတခုချင်း၏ အစစာလုံးများကို Small letter(စာလုံးအသေး)အသွင် ပြောင်းရန်

ကွန်ပျူတာဆိုင်ရာအတိုကောက်စကားလုံးများ၏ အဓိပ္ပာယ်များ

  ကွန်ပျူတာဆိုင်ရာအတိုကောက်စကားလုံးများ၏ အဓိပ္ပာယ်များ ကွန်ပျူတာဆိုင်ရာအတိုကောက်စကားလုံးများ၏ အဓိပ္ပာယ်များ အောက်ဖော်ပြပါစကားလုံးအတိုကောက် အဓိပ္ပာယ်များသည် ကွန်ပျူတာသိပ္ပံပညာရှင်များ စံတစ်ခုအဖြစ် လက်ခံကျင့်သုံး သတ်မှတ်ထားကြသော ကွန်ပျူတာဆိုင်ရာ အတိုကောက်များ၏ အဓိပ္ပာယ်စကားလုံးများဖြစ်ကြပါသည်။ • PC – PERSONAL COMPUTER ( တစ်ကိုယ်ရေသုံးကွန်ပျူတာ) • COMPUTER – Commonly Operating Machine Particularly Used for Technology Entertainment and Research ( နည်းပညာဆိုင်ရာ ဖျော်ဖြေရေးများနှင့် ရှာဖွေမှုများအတွက် အသုံးပြုသော လုပ်ဆောင်မှု ပိုင်းဆိုင်ရာ စက်တစ်လုံးဖြစ်ပါတယ်။) • WINDOWS – Wide Interactive Network for Development of Office Work Solution ( ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဖြေရှင်းချက်များ ဖွံ ့ဖြိုး တိုးတက်မှုများအတွက် ကျယ်ပြန့်စွာ အပြန်အလှန်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သော ချိတ်ဆက်မှုကွန်ရက်တစ်ခုဖြစ်ပါတယ်။) Computer Language Related Terms: • HTML – Hyper Text Markup Language • Ajax–Asynchronous Javascript And Xml • Oracle–Oak Ridge Automatic Computer And Logical Engine • RDMS–Relational D...

SOC

  SOC ဆိုတာဟာ System-On-a-Chip ရဲ့အတိုကောက်ဖြစ်ပါတယ်။ SOC ဟာလူအများစုထင်ထားသလိုမျိုး Central Processing Unit (CPU) တစ်ခုတည်းကိုခေါ်တာမဟုတ်ပါဘူး CPU နဲ့ GPU လိုမျိုး အဓိကတွက်ချက်မှုတွေကိုပြုလုပ်ပေးတဲ့ Processing Parts တွေအပြင် ဖုန်းခေါ်ဖို့၊ အင်တာနက်သုံးဖို့အတွက် Modems နဲ့ တခြား စမတ်ဖုန်းအတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို Circuit Board ပေါ်မှာ Chip တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်ထားတဲ့ All-in-One Package ဖြစ်ပါတယ် အဲ့လိုအစိတ်အပိုင်း တွေကို Chip တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်ခြင်းအားဖြင့် နေရာစားသက်သာသွားပြီး၊ ကုန်ကျ စရိတ်လျော့ချနိုင်သလို၊ စွမ်းအင်သုံးစွဲမှု ကိုလည်းသက်သာသွားစေပါတယ် SOC ဟာ ပြင်ပအစိတ် အပိုင်းတွေဖြစ်တဲ့ Camera, Display, RAM, Storage တွေနဲ့ချိတ်ဆက် အလုပ်လုပ်ပြီး အဲ့ဒီအစိတ်အပိုင်းတွေကလိုအပ်တဲ့ တွက်ချက်မှုတွေကိုဆောင်ရွက်ပေးပါတယ်။ ဥပမာ- ဖုန်းတစ်လုံးက လူတစ်ယောက်ဆိုရင် SOC ကအဲ့ဒီဖုန်းရဲ့ဦးနှောက်ပါပဲ။ ဖုန်းတစ်လုံးရဲ့ အပိတ်အဖွင့်ကို လုပ်ပေးတာကစလို့၊ Camera ရိုက်တာ၊ Display ပေါ်မှာပုံရိပ်တွေပြပေးတာအဆုံး ဖုန်းရဲ့ လုပ်ဆောင်မှုအကုန်လုံးမှာ သူမပါတဲ့နေရာမရှိပါဘူး။ အသေးစိတ်အနေနဲ့ ဆ...

SSD

  SSD အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ? ====== SSD အမျိုးအစားတွေနဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးခွဲခြားနိုင်ပါတယ်။ SATA ( Serial Advanced Technology Attachment ) နဲ့ PCIE ( Peripheral Component Interconnect Express ) form factor (၂)မျိုးဖြစ်ပါတယ်။ SATA SSD အုပ်စုထဲမှာတော့ 2.5”, mSATA နဲ့ U.2 တို့ပါဝင်ပါတယ်။ PCIE SSD အုပ်စုမှာတော့ M.2 နဲ့ M.2 NVMe တို့ပါဝင်ပါတယ်။ PCIE SSD တွေက SATA SSD တွေထက် speed နဲ့ performance ပိုမိုကောင်းမွန်ပါတယ်။ Gaming နဲ့ 3D performance ပိုင်းကို အသုံးပြုမယ့် သူတွေအတွက်ကတော့ PCIE SSD တွေကို ရွေးချယ်သင့်ပါတယ်။ အကယ်၍ ဘော်ဒါတို့က office use နဲ့ အိမ်မှာ ပေါ့ပေါ့ပါးပါး အသုံးပြုဖို့အတွက်ဆိုရင်တော့ SATA SSD တွေက ရွေးချယ်ဖို့အတွက် လုံလောက်ပါတယ်။

what is Ram?

  ကွန်ပျူတာ တစ်လုံးမှာ မပါမဖြစ်လေး တစ်ခုဖြစ်တဲ့ RAM အကြောင်း ဗဟုသုတ အနေနဲ့ သိသလောက် ဝေမျှပေးလိုက်ပါတယ်။ RAM မှာ Type အမျိုးအစားတွေက DDR1, DDR2, DDR3, DDR4 ဆိုပြီး မြင်ဖူးကြပါလိမ့်မယ်။ DDR ဆိုတာက ( Double Data Rate ) ပါ။ RAM က ဘာအတွက် အလုပ်လုပ်လဲဆိုရင် ကွန်ပျူတာ ဖွင့်နေစဉ်အတွင်းမှာ အချက်အလက်တွေကို ယာယီ မှတ်သားထားတာပါ။ ကွန်ပျူတာ ပိတ်လိုက်တာနဲ့ အသုံးပြုခဲ့သမျှက HardDisk ထဲ သွားသိမ်းဆည်းပါတယ်။ ဖွင့်ထားစဉ် အတွင်းတော့ RAM ထဲမှာ ယာယီသိမ်းတာပေါ့ ကွန်ပျူတာ ပိတ်သွားမှ HardDisk ထဲ သိမ်းတာပါ။ RAM မှာ Memory ပမာဏကို B( byte ) ဖြင့် တိုင်းပါတယ်။ ဥပမာ - 512MB, 1GB, 2GB, 4GB, 8GB အစရှိသဖြင့်ပေါ့။ GB များလေ ယာယီသိမ်းဆည်းနိုင်တဲ့ ပမာဏများလေပေါ့။ အဲဒီမှာ RAM ဝယ်ရင် ကြည့်ရမှာက Speed ပေါ့။ Speed ကို Hz နဲ့ တိုင်းပါတယ်။ ဥပမာ - 800MHz , 1066MHz တို့ပေါ့။ RAM တစ်ချောင်းထဲ စိုက်တဲ့အခါ ပြဿနာမဟုတ်ပေမယ့် RAM နှစ်ချောင်းစိုက်တဲ့အခါ ဥပမာဆိုပါစို့ DDR2 2GB နှစ်ချောင်းစိုက် 4GB ပေါ့။ စက်က လေးနေတယ်။ ပြောချင်တာက Speed မတူရင် နိမ့်တဲ့ Speed နဲ့ သွားပါတယ်။ DDR2 2GB နှစ်ချောင်းစိုက်လို့ 4GB ဟာ ယာယီ သိမ်းဆည်နိုင်တဲ့ M...

Battery

  Laptop ဝယ်ယူတဲ့အခါမှာ Battery ခံလား မခံလားဆိုတာ အရမ်းကို အရေးကြီးပါတယ်၊ အထူးသဖြင့် အခုလို မီးခဏခဏ ပျက်နေတဲ့ အချိန်မှာ Laptop Battery က အားမခံဘူးဆိုရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။ အသစ်ဝယ်တာပဲ ဖြစ်ဖြစ်၊ Showroom Display အလုံး ဝယ်တာပဲ ဖြစ်ဖြစ်၊ Second ဝယ်တာပဲ ဖြစ်ဖြစ် Battery က ကောင်းသေးလား မကောင်းတော့ဘူးလားဆိုတာ သေချာ စစ်တတ်ဖို့ လိုပါတယ်၊ ကိုယ်ဝယ်လာပြီးမှ Battery ကမခံလို့ အသစ်လဲရမယ်ဆိုရင် အနည်းဆုံး ၅ သောင်း ၆ သောင်း ကုန်ကျမှာ ဖြစ်ပါတယ်၊ ဒါကြောင့် Laptop Battery ကောင်း မကောင်း စစ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။ အောက်မှာလည်း ပုံနဲ့ ပြပေးထားပါတယ်။ အဆင့် (၁) cmd ကို Run as administrator နဲ့ ဖွင့်ပါ၊ အဆင့် (၂) powercfg /batteryreport လို့ရိုက်ပြီး Enter နှိပ်ပါ၊ C:\ နဲ့ စတဲ့ file path တွေ့ပါလိမ့်မယ်၊ အဲဒါကို start နဲ့ file path ကို ဖွင့်ပါ၊ အဆင့် (၃) Battery report ဖွင့်လာပါလိမ့်မယ်၊ Design Capacity နဲ့ Full Charge Capacity က တန်ဖိုးတွေကို အသုံးပြုပေးရမှာပါ၊ Design Capacity (DC) နဲ့ Full Charge Capacity (FCC) တန်ဖိုးတွေ ရလာပြီဆိုရင် စ တွက်လို့ ရပါပြီ။ Formula က DC ထဲက FCC ကို နှုတ်ပြီး...

Laptop တစ်လုံးဝယ်ရင် ဘာကိုအဓိက ထားဝယ်ကြမလဲ

  Laptop တစ်လုံးဝယ်ရင် ဘာကိုအဓိက ထားဝယ်ကြမလဲ Laptop or Computer အကြောင်းကို နားလည် ထားရင်တော့ ကိုယ်အသုံးပြုမည့် (Software) အနေအထားအပေါ် မူတည်ပြီး ရွေးဝယ်ကြတယ်၊၊ Computer အကြောင်းကိုသိပ်ပြီး နားမလည်သေးဘူး ခုမှစသုံးတာ ဒါမှမဟုတ်ရင် သုံးတက်ခါစပေါ့ ဒါဆိုရင်တော့ မိမိ အသုံးပြုမည့် စက်ကိုမရွေးချယ်နိုင်ပါဘူး၊၊ ဒီလိုအခြေအနေမျိုးမှာ Computer ကို ဘယ်လိုရွေးပြီး ဝယ်ကြရင်ကောင်းမလဲ ဆက်ကြည့်နော် ။ Computer တစ်လုံး သင့်/မသင့်လား ကိုဒီတိုင်းကြည့်တာနဲ့ မသိနိုင်ပါဘူး ။ ဒါဆို ဘာကို ကြည့်ပြီး ဘာကိုစစ်ပြီး ဝယ်ရမလဲ အမေးတွေ ရှိလာနိုင်တယ် ။ Computer နဲ့ပတ်သက်တာလေးပြောပြမယ် Computer မှာ ဘာတွေပါဝင်သလည်း ဆိုတာ အရင်လေ့လာကြည့်မယ်လေနော် ။ Computer ဝယ်တဲ့အခါမှာ သိထားရမယ့် အကြောင်းအရာလေးတွေပေါ့ ဒါကဘာလဲ ဆိုတော့ (1) CPU (2) RAM (3) HDD (4) Graphics 1. CPU က Computer တစ်လုံးရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုပေါ့ ။ Computer တစ်လုံးရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို တွက်ချက်ပေးတဲ့ အရာတစ်ခုပါ။ ဥပမာ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့တူတယ်။ လူတစ်ဦးနှင့်တစ်ဦး ရဲ့ ဥာဏ်ရည် /မှတ်ဥာဏ် တွေ မတူသလိုပေါ့။ တစ်ဦးက အတွက်အချက်မှာတော်ပ...

ကွန်ပျူတာနှင့်သက်ဆိုင်သော သိကောင်းစရာများစုစည်မှု

  ကွန်ပျူတာနှင့်သက်ဆိုင်သော သိကောင်းစရာများစုစည်မှု ====================== Keyboard Keyboard ဟာ ကွန်ပျူတာထဲကို အချက်အလက်များထည့်သွင်းနိုင်တဲ့ ခလုတ်လေးများပါတယ်။ Keyboard မှာ 101 Keys အနည်းဆုံးပါပြီး ယခုအခါ 104, 105 Keyboard များကို အသုံးပြုပါတယ်… Escape Key မိမိလုပ်နေတဲ့ အလုပ်ကို Cancel လုပ်ချင်တဲ့အခါ Esc Key ကို နှိပ်ရပါမည်။ Function Keys F1 ကနေ F12 အထိ ရှိတဲ့ Key ကို Function Key လို့ခေါ်တယ်။ မိမိသုံးစွဲသော Software ပေါ်မူတည်ပြီး Funct-ion Key ဟာ အသုံး၀င်တဲ့ Keys များဖြစ်သည်…တော်တော်များများ Program တွေမှာ F1 Key ကို နှိပ်ရင် Help information ပေါ်လာသည်။ Alt+F4 နှိပ်လျှင် မိမိဖွင့်ထားသော Windows ကို ပိတ်ရင် သုံးနိုင်သည်။ မည်သည့် Windows မှ ဖွင့်မထားပဲ Alt+F4 ကို နှိပ်လျှင် Shut Down Dialog Box ပေါ်လာမည်။ Backspace Key Backspace Key ဟာ Cursor ရဲ့ ဘယ်ဖက်မှာရှိတဲ့စာလုံးကို ဖျက်သည့်အခါ သုံးနိုင်သည်။ Delete Key Delete Key ကတော့ Cursor ရဲ့ ညာဖက်မှာရှိတဲ့စာလုံးကို ဖျက်သည့်အခါ သုံးနိုင်သည်။ Status Lights Status Light ဟာ Num Lock သို့မဟုတ် Caps Lock ပိတ်၊ မပိတ် ပြသည်။ Numeric Keypad Numeri...