Skip to main content

SOC


 SOC ဆိုတာဟာ System-On-a-Chip ရဲ့အတိုကောက်ဖြစ်ပါတယ်။

SOC ဟာလူအများစုထင်ထားသလိုမျိုး Central Processing Unit (CPU) တစ်ခုတည်းကိုခေါ်တာမဟုတ်ပါဘူး ‼
CPU နဲ့ GPU လိုမျိုး အဓိကတွက်ချက်မှုတွေကိုပြုလုပ်ပေးတဲ့ Processing Parts တွေအပြင် ဖုန်းခေါ်ဖို့၊ အင်တာနက်သုံးဖို့အတွက် Modems နဲ့ တခြား စမတ်ဖုန်းအတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို Circuit Board ပေါ်မှာ Chip တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်ထားတဲ့ All-in-One Package ဖြစ်ပါတယ် 👌
အဲ့လိုအစိတ်အပိုင်း တွေကို Chip တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်ခြင်းအားဖြင့် နေရာစားသက်သာသွားပြီး၊ ကုန်ကျ စရိတ်လျော့ချနိုင်သလို၊ စွမ်းအင်သုံးစွဲမှု ကိုလည်းသက်သာသွားစေပါတယ် ✔
SOC ဟာ ပြင်ပအစိတ် အပိုင်းတွေဖြစ်တဲ့ Camera, Display, RAM, Storage တွေနဲ့ချိတ်ဆက် အလုပ်လုပ်ပြီး အဲ့ဒီအစိတ်အပိုင်းတွေကလိုအပ်တဲ့ တွက်ချက်မှုတွေကိုဆောင်ရွက်ပေးပါတယ်။
ဥပမာ- ဖုန်းတစ်လုံးက လူတစ်ယောက်ဆိုရင် SOC ကအဲ့ဒီဖုန်းရဲ့ဦးနှောက်ပါပဲ။ ဖုန်းတစ်လုံးရဲ့ အပိတ်အဖွင့်ကို လုပ်ပေးတာကစလို့၊ Camera ရိုက်တာ၊ Display ပေါ်မှာပုံရိပ်တွေပြပေးတာအဆုံး ဖုန်းရဲ့ လုပ်ဆောင်မှုအကုန်လုံးမှာ သူမပါတဲ့နေရာမရှိပါဘူး။
အသေးစိတ်အနေနဲ့ ဆက်ပြောပြရရင် SoC တစ်ခုမှာ CPU, GPU, ISP, NPU နဲ့ Modem စတဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။
🔰 CPU – Central Processing Unit လို့ခေါ်တဲ့ CPU ကတော့ သူ့နာမည်အတိုင်းပါပဲ ဖုန်းရဲ့လိုအပ်တဲ့ Processing အများစုကိုဒိုင်ခံလုပ်ပေးတဲ့နေရာပါ။
CPU ကို Smart Phone တစ်လုံးကလုပ်ရမယ့် မတူညီတဲ့အလုပ် တော်တော်များများကိုလုပ်နိုင်အောင် Design ဆွဲထားပါတယ်။ ဒါကြောင့် Operating System နဲ့ Apps တွေ Run တာအပြင် SOC ထဲမှာရှိတဲ့ တခြား Processors တွေဆီက Data အကူးအပြောင်းပြုလုပ်တာတွေကိုလည်း ဆောင်ရွက်ပေးရလေ့ရှိပါတယ်။
🔰 GPU – Graphic Processing Unit လို့ခေါ်တဲ့ GPU ကတော့ CPU လိုမျိုး အလုပ်အကုန်လုံးကို မကိုင်တွယ်ပါဘူး။
GPU က လိုအပ်တဲ့ တွက်ချက်မှုတွေကို လုပ်ပြီး Game တွေ၊ Application တွေကို Display ပေါ်မှာဖော်ပြပေးဖို့ပဲ တာဝန်ယူပေးပါတယ်။ GPU တွေကို တွက်ချက်မှုတွေအများကြီးကိုတစ်ပြိုင်တည်းလုပ်နိုင်အောင် Design ဆွဲထားတဲ့အတွက် သန်းနဲ့ချီတဲ့ Pixel တွေအတွက် ကို Display ပေါ်မှာအချိန်နဲ့ တစ်ပြေးညီထုတ်ပေးနိုင်စေပါတယ်။
🔰 ISP – ဆိုတာကတော့ Image Processing Unit ပါ။
သူက Camera ကရိုက်လိုက်တဲ့အချိန်မှာထွက် လာတဲ့ Data တွေကို ပိုပြီး ပြတ်သားဖို့အတွက် Sharpening, Noise Reduction တွေအပြင် တစ်ခြားပုံအရည်အသွေးကိုတိုးတက်စေမယ့် Focusing, Color Reconstruction စတာတွေပြုလုပ်ပြီး ပုံတွေ၊ ဗီဒီယိုတွေအဖြစ် ပြောင်းလဲပေးပါတယ်။
🔰 NPU – Neural Processing Unit လို့ခေါ်တဲ့ NPU တွေကိုတော့ အသံနဲ့ အမိန့်ပေးတာတွေ နဲ့ Camera ရိုက်တဲ့အခါမှာသုံးတဲ့ Artificial Intelligent တွေအတွက်ပိုပြီးမြန်ဆန်အောင်အသုံးပြုလေ့ရှိတယ်။
ဥပမာ – ကင်မရာကနေအစားအသောက်ပုံတွေကိုမြင်လိုက်တာနဲ့ ပိုပြီးစားချင်စဖွယ်ဖြစ်အောင် Saturation ကိုမြှင့်ပေးလိုက်တာမျိုး Virtual Voice Assistant တွေရဲ့တုန့်ပြန်မှုတွေပိုမြန်လာအောင်၊ ပို Smart ဖြစ်လာအောင် လုပ်ပေးတာမျိုးပေါ့။
🔰 Modem – ကတော့ MPT, Telenor တို့လို Service Provider တွေဆီ Network ချိတ်ဆက်လို့ရအောင်လုပ်ပေးပါတယ်။
Modem ရဲ့ Performance ပေါ်မှာမူတည်ပြီး Data Connection အမြန်နှုန်းတွေ၊ လိုင်းမိမမိတွေ ကွာခြားသွားနိုင်တယ်။ လက်ရှိ SoC တွေမှာ 4G Modems တွေအဓိကအသုံးပြုနေပြီး 5G modems ပါတဲ့ SoC တွေလဲများလာပါပြီ။
လက်ရှိ Android ဖုန်းတွေရဲ့ SoC တွေကိုအဓိကထုတ်ပေးနေတာက Qualcomm ဖြစ်ပါတယ်။
ဒါကြောင့်ဈေး ကွက်ထဲကဖုန်းအများစုမှာ Qualcomm ရဲ့ Snapdragon SoC တွေကိုပိုပြီးတွေ့ရလေ့ရှိပါတယ်။ Qualcomm ရဲ့ SoC line up တွေကို snapdragon 400, 600, 700 နဲ့ 800 ဆိုပြီးခွဲလို့ရမယ်။ 400 နဲ့ 600 က budget to mid-range ဖုန်းတွေမှာသုံးပြီး 700 ကို Upper Mid-Range နဲ့ 800, 8 gen 1 ကတော့ Flagship တွေမှာသုံးပါတယ်။
Qualcomm နဲ့အပြိုင်လို့ပြောလို့ရတဲ့နောက်ထပ် Company တစ်ခုကတော့ MediaTek ပါ။
MTK လို့လူသိ များပြီးအရင်ကလူတွေသိပ်မကြိုက်ခဲ့ကြပါဘူး။ ဒါပေမယ့် ခုနောက်ပိုင်းထွက်တဲ့ Dimensity SoC တွေက တော်တော်လေးကောင်းလာပါပြီ။ လက်ရှိအချိန်မှာ Dimensity ရဲ့ 700, 800 series တွေကို Midrange ဖုန်းတွေမှာတွေ့ရမယ်၊ 900, 1000 series တွေကို Upper Midrange ဖုန်းတွေမှာတွေ့ရမှာဖြစ်ပြီး 8000 နဲ့ 9000 series တွေကိုတော့ Flagship ဖုန်းတွေအတွက်ထုတ်ပေးထားတယ်။
ဒီလောက်ဆိုရင်တော့ Smart Phone တစ်လုံးရဲ့ SOC နဲ့ ဘာတွေပါဝင်လဲဆိုတာကိုတော့ မျှဝေပေးခဲ့တာဖြစ်ပါတယ် 👌

Comments

Popular posts from this blog

what is Ram?

  ကွန်ပျူတာ တစ်လုံးမှာ မပါမဖြစ်လေး တစ်ခုဖြစ်တဲ့ RAM အကြောင်း ဗဟုသုတ အနေနဲ့ သိသလောက် ဝေမျှပေးလိုက်ပါတယ်။ RAM မှာ Type အမျိုးအစားတွေက DDR1, DDR2, DDR3, DDR4 ဆိုပြီး မြင်ဖူးကြပါလိမ့်မယ်။ DDR ဆိုတာက ( Double Data Rate ) ပါ။ RAM က ဘာအတွက် အလုပ်လုပ်လဲဆိုရင် ကွန်ပျူတာ ဖွင့်နေစဉ်အတွင်းမှာ အချက်အလက်တွေကို ယာယီ မှတ်သားထားတာပါ။ ကွန်ပျူတာ ပိတ်လိုက်တာနဲ့ အသုံးပြုခဲ့သမျှက HardDisk ထဲ သွားသိမ်းဆည်းပါတယ်။ ဖွင့်ထားစဉ် အတွင်းတော့ RAM ထဲမှာ ယာယီသိမ်းတာပေါ့ ကွန်ပျူတာ ပိတ်သွားမှ HardDisk ထဲ သိမ်းတာပါ။ RAM မှာ Memory ပမာဏကို B( byte ) ဖြင့် တိုင်းပါတယ်။ ဥပမာ - 512MB, 1GB, 2GB, 4GB, 8GB အစရှိသဖြင့်ပေါ့။ GB များလေ ယာယီသိမ်းဆည်းနိုင်တဲ့ ပမာဏများလေပေါ့။ အဲဒီမှာ RAM ဝယ်ရင် ကြည့်ရမှာက Speed ပေါ့။ Speed ကို Hz နဲ့ တိုင်းပါတယ်။ ဥပမာ - 800MHz , 1066MHz တို့ပေါ့။ RAM တစ်ချောင်းထဲ စိုက်တဲ့အခါ ပြဿနာမဟုတ်ပေမယ့် RAM နှစ်ချောင်းစိုက်တဲ့အခါ ဥပမာဆိုပါစို့ DDR2 2GB နှစ်ချောင်းစိုက် 4GB ပေါ့။ စက်က လေးနေတယ်။ ပြောချင်တာက Speed မတူရင် နိမ့်တဲ့ Speed နဲ့ သွားပါတယ်။ DDR2 2GB နှစ်ချောင်းစိုက်လို့ 4GB ဟာ ယာယီ သိမ်းဆည်နိုင်တဲ့ M...

MS WORD Tab setting

  Tab setting စာသားများကိုနေရာချခြင်း Left tab စာသား(text)များကိုဘယ်ဖက် အပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Right Tabစာသား(text)များကို ညာဖက် ပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Center Tab စာသား(text)များကိုအလယ်ဗဟို ပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Decimal tab ဒသမ နေရာများကို ပေါ်အောက် မျဥ်းဖြောင့်အတိုင်း ညီစေရန်အတွက် နေရာချခြင်း Change Case စာသားများကို အသွင်အမျိုးမျိုးပြောင်းလဲ ခြင်း sentence Case ဝါကျတကြောင်းချင်း၏အစ စာလုံးအား Capital letter(အကြီးစာလုံး)အသွင် ပြောင်းရန် Lower case ဝါကျတကြောင်းချင်း၏ စာသား(text)များကို Small letter(စာလုံးအသေး)အသွင် ပြောင်းရန် Upper caseဝါကျတကြောင်းချင်း၏ စာသား(text)များကို Capital letter(စာလုံးအကြီး)အသွင် ပြောင်းရန် Capitalize each word စကားစုတခုချင်း၏ အစစာလုံးများကို Capital letter(စာလုံးအကြီး)အသွင် ပြောင်းရန် toGGle case စကားစုတခုချင်း၏ အစစာလုံးများကို Small letter(စာလုံးအသေး)အသွင် ပြောင်းရန်

Laptop တစ်လုံးဝယ်ရင် ဘာကိုအဓိက ထားဝယ်ကြမလဲ

  Laptop တစ်လုံးဝယ်ရင် ဘာကိုအဓိက ထားဝယ်ကြမလဲ Laptop or Computer အကြောင်းကို နားလည် ထားရင်တော့ ကိုယ်အသုံးပြုမည့် (Software) အနေအထားအပေါ် မူတည်ပြီး ရွေးဝယ်ကြတယ်၊၊ Computer အကြောင်းကိုသိပ်ပြီး နားမလည်သေးဘူး ခုမှစသုံးတာ ဒါမှမဟုတ်ရင် သုံးတက်ခါစပေါ့ ဒါဆိုရင်တော့ မိမိ အသုံးပြုမည့် စက်ကိုမရွေးချယ်နိုင်ပါဘူး၊၊ ဒီလိုအခြေအနေမျိုးမှာ Computer ကို ဘယ်လိုရွေးပြီး ဝယ်ကြရင်ကောင်းမလဲ ဆက်ကြည့်နော် ။ Computer တစ်လုံး သင့်/မသင့်လား ကိုဒီတိုင်းကြည့်တာနဲ့ မသိနိုင်ပါဘူး ။ ဒါဆို ဘာကို ကြည့်ပြီး ဘာကိုစစ်ပြီး ဝယ်ရမလဲ အမေးတွေ ရှိလာနိုင်တယ် ။ Computer နဲ့ပတ်သက်တာလေးပြောပြမယ် Computer မှာ ဘာတွေပါဝင်သလည်း ဆိုတာ အရင်လေ့လာကြည့်မယ်လေနော် ။ Computer ဝယ်တဲ့အခါမှာ သိထားရမယ့် အကြောင်းအရာလေးတွေပေါ့ ဒါကဘာလဲ ဆိုတော့ (1) CPU (2) RAM (3) HDD (4) Graphics 1. CPU က Computer တစ်လုံးရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုပေါ့ ။ Computer တစ်လုံးရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို တွက်ချက်ပေးတဲ့ အရာတစ်ခုပါ။ ဥပမာ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့တူတယ်။ လူတစ်ဦးနှင့်တစ်ဦး ရဲ့ ဥာဏ်ရည် /မှတ်ဥာဏ် တွေ မတူသလိုပေါ့။ တစ်ဦးက အတွက်အချက်မှာတော်ပ...